နတ်မောက် ဇန်နဝါရီ ၂၅
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်မီးသတ် တပ်ဖွဲ့တို့ပူးပေါင်းပြီး ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်) ရောဂါပိုး သတိပြုကာကွယ်နိုင်ရန် အသိပညာပေးနှိုးဆော်ခြင်းကို ယနေ့ နံနက်(၉) နာရီအချိန်ခန့်က နတ်မောက်မြို့ပေါ် (၇) ရပ်ကွက်ရှိ လမ်းများ အတွင်းသို့ မြို့နယ်မီးသတ် မော်တော်ယာဉ်ဖြင့် လှည့်လည်နှိုးဆော်ခဲ့သည်။
ထိုသို့ အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် နတ်မောက်မြို့နယ်အတွင်း ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်)ရောဂါပိုးအကြောင်းကို သတိပြုမိကြစေရန်နှင့် ပြည်သူများ အနေဖြင့် လူစုလူဝေးမှ ရှောင်၍ တက်နိုင်သမျှ အိမ်တွင်း၌သာ နေထိုင်ကြရန် နေအိမ်ပြင်ပသို့ သွားရောက်ရန်ရှိပါက ပါးစပ်နှင့် နှာခေါင်းစည်း (Mask) ကို မဖြစ်မနေ တပ်ဆင်ကြရန်၊ လက်ကိုမကြာခဏဆေးကြောရန်၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာ နေထိုင်ကြရန်၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံမှုခံယူခြင်းတို့ကို အထူးဂရုပြုပူးပေါင်း ပါဝင် ဆောင်ရွက်ကြရန်၊ မိမိတို့၌ ရောဂါပိုးကူးစက်သည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေး ဌာနများသို့ ဆက်သွယ် အကြောင်းကြားရန် စသည့် အချက်များကို မြို့ပေါ်(၇) ရပ်ကွက်ရှိ လမ်းများအတွင်းသို့ လှည့်လည်၍ လိုက်လံအသိပေး နှိုးဆော်ခဲ့ကြကြောင်း သိရသည်။
လှဝင်း