ပိုင်ကျုံ ဇန်နဝါရီ ၂၅
ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့တွင် မိသားစုပိုင်ကိုင်းမြေများ၌ ဆေးရွက်ကြီး (ခေါ်) ဗမာဆေးရွက်ကြီးများ စိုက်ပျိုးထားလျက်ရှိရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
ပိုင်ကျုံမြို့ရှိ ဆေးရွက်စိုက်တောင်သူများသည် ကိုယ်တိုင်အသုံးပြုရန်နှင့် ရောင်းချရန် စိုက်ပျိုးကြသည်။ “ဆေးရွက်ကြီးလို့ဆိုလိုက်တိုင်း ဆိုးကျိုးတွေပဲမမြင်စေလိုပါ”ဟု တောင်သူ ဒေါ်နော်အေးမူက ပြောပြထားပါတယ်။ ဆေးရွက်ကြီးက ရောဂါဖြစ်စေတာမှန်ပေမယ့် ဆိုးကျိုးသက်သက်ပဲရှိတဲ့ အပင်မျိုးမဟုတ်ပါဘူး။ သူ့မှာလည်း ကောင်းကျိုးတွေရှိပါသည်ဟု တောင်သူများထံမှ သိရပါတယ်။ ဆေးရွက်ကြီးက တန်ဆေးလွန်ဘေးဆိုသလို အနည်းအကျဉ်းသုံးရင် ဆေးဖတ်ဝင်ပေမယ့် အလွန်အကျွံသုံးရင် ထိခိုက်မှုများရှိနိုင်ပါသည်ဟု တောင်သူများက ဗဟုသုတရဖွယ် ပြောပြထားပါသည်။ တောင်သူများသည် ဆေးရွက်ကြီးကို စိုက်ခင်းများတွင် ကျရောက်သော ပိုးမွှာများဒဏ်မှ ကာကွယ်နိုင်ရန်အတွက်လည်း စိုက်ပျိုးကြကြောင်း သိရပါသည်။
ပိုင်ကျုံမြို့ရှိ တောင်ယာလုပ်ကိုင်သူ မိသားစုများသည် ဆေးရွက်ကြီးပင်များကိုလည်း နှစ်စဉ် မိမိတို့တစ်ပိုင်တစ်နိုင် စိုက်ခင်းများ၌ တစ်ဧက နှစ်ဧကနှုန်းဖြင့် အမြဲစိုက်ပျိုးထားကြကြောင်း သိရပါသည်။
ပိုင်ကျုံ (ပြန်/ဆက်)