ပန်းတနော် ဇန်နဝါရီ ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန ( Community Centre) ခန်းမ၌ (Woman Club) အဖွဲ့နှင့်(Youth Club) အဖွဲ့တို့ ပူးပေါင်း၍ ယနေ့ နံနက် ၁၀ နာရီက စာရေးဆရာ ကျော်ဝင်းဟိန်း(ပခုက္ကူ)ရေးသားသည့် ''နုလုံးသားယဥ်ကျေးမှုစာစုများ” စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ်သီတာခိုင်က ယခုလို စာဖတ်ဝိုင်းကို အပတ်စဥ်ပြုလုပ်ပေးခြင်းဖြင့် လူငယ်လူရွယ်များ အသိပညာဗဟုသုတတိုးပွားလာစေခြင်း၊ စဥ်စားတွေးခေါ်မှုမြင့်မားလာစေခြင်း၊ လူ့အဖွဲ့စည်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်လာတက်စေရန် ရည်ရွယ်၍ ပြုလုပ်ပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး (Woman Club) အဖွဲ့ဝင် ဒေါ်ကြည်မာဝေက ''နုလုံးသားယဥ်ကျေးမှု စာစုများ” စာအုပ်ပါ ခေါင်းစဥ်ဖြင့် ဦးဆောင်ဆွေးနွေးခဲ့ပြီး (Youth Club) အဖွဲ့ဝင် မောင်မင်းခန့်က မိခင်၏ စွန့်လွှတ်အနစ်နာခံမှု၊(Youth Club)အဖွဲ့ဝင် မသန္တာအောင်က အပြစ်တင် မစောမိပါစေနဲ့ စသည့်စာအုပ်ပါအကြောင်းအရာများအား အကျယ်တဝင့်ဆွေးနွေးခဲ့ကြောင်း သိရသည်။