လှိုင်းဘွဲ ဇန်နဝါရီလ ၂၅
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဒေသနေပြည်သူများ အသိပညာဗဟုသုတ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် စာဖတ်ဝိုင်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ မွန်းလွဲပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ မြင်းခြံကျော်အောင် ရေးသားထားသော ကြီးပွား ချမ်းသာနည်းများစွာ စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ စာဖတ်ဝိုင်းဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်ဇင်မိုးအေးက လူငယ်များအနေဖြင့် စာဖတ်အားကောင်းမွန်ပြီး အသိပညာဗဟုသုတများ ရရှိစေရန်၊ ပူးပေါင်းပါဝင် ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ တစ်ဦးနှင့်တစ်ဦး အသိပညာများ မျှဝေတတ်စေရန်နှင့် စာဖတ်ဝိုင်းဆောင်ရွက် ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး Book Club အဖွဲ့ဝင် ဦးသန်းထွန်းက မြင်းခြံကျော်အောင် ရေးသားထားသော ကြီးပွားချမ်းသာနည်းများစွာ စာအုပ်၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။ ထို့နောက် တက်ရောက်လာသော စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း Book Club အဖွဲ့ဝင်များက လူငယ်နှင့်အလုပ်အကိုင် အခွင့်အလမ်း၊ အလုပ်ကို စွဲစွဲလမ်းလမ်း ချစ်ပြီးလုပ်ပါ၊ ထက်မြက်မှု ငါးမျိုး၊ ထူးထူးချွန်ချွန်အောင်မြင်ရေး၊ ဘာကြောင့် ခုထိ မချမ်းသာသေးတာလဲ၊ အရေးကြီးတာ အရင်လုပ်ရအောင်၊ ဘဝအတွက် ပြည့်စုရမည် အချက်(၁၀) စသည့် အကြောင်းအရာများကို ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။
စောဒိ(ပြန်/ဆက်)