မြို့သစ်မြို့နယ်အတွင်း မီးဘေးကြိုတင်ကာကွယ်တားဆီးရေးလုပ်ငန်းများဆောင်ရွက်

မြို့သစ်  ဇန်နဝါရီ ၂၅

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်အတွင်း မီးလောင်မှု ၊ မီးလန့်မှုနှင့် မီးဘေးအန္တရာယ်မဖြစ်ပေါ်စေရေးအတွက် မြို့ပေါ်ရပ်ကွက်များအတွင်းသို့ သက်ဆိုင်ရာမြို့နယ်ဌာနဆိုင်ရာများဖြင့် ပူးပေါင်းကာ မီးဘေးသတိပေးနိုးဆော်မှုများ ဆောင်ရွက်လျက်ရှိသည်။

ထို့သို့ဆောင်ရွက်ရာတွင် မီးလောင်မှု ၊ မီးလန့်မှုများအတွက် ဆုံးရှုံးမှုများမဖြစ်ပေါ်စေရေးစက်ရုံ၊ အလုပ်ရုံများ   မီးဘေးလုံခြုံရေးအတွက် စစ်ဆေးဆောင်ရွက်ခြင်းကို   မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းနှင့် မြို့နယ်မီးသတ်ဦးစီးဌာနရှိ မီးသတ်တပ်ဖွဲ့ဝင်များပူးပေါင်း၍ မီးဘေးလုံခြုံရေးလုပ်ငန်းများကို နေ့/ညခွဲကာ အပတ်စဉ် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ဆက်လက်၍ ညပိုင်းများတွင် ရပ်ကွက်အလိုက်ခွဲကာ အသံချဲ့စက်ဖြင့် မီးသတိမူရေးများကိုပါ ဆောင်ရွက် လျက်ရှိရာ မြို့နယ်စီမံကောင်စီဥက္ကဌ ဦးကျော်ဝင်းထက်နှင့်အဖွဲ့ဝင်များက မြို့နယ်အေးချမ်းသာယာစွာ နေထိုင်နိုင်ရေးနှင့်မီးလောင်မှုမဖြစ်ပွားစေရန်ရည်ရွယ်၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲမှုးနှင့် တပ်ဖွဲ့ဝင်များကပါ ပူး ပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း မြို့နယ်မီးသတ်တပ်ဖွဲ့ ဦးစီးမှူး ဦးဝေလင်းကျော်ထံမှ သိရသည်။

ကိုဇော်(ပြန်/ဆက်)