အထက်မင်းလှ ဇန်နဝါရီ ၂၅
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိရာ ယနေ့ နံနက် ၉ နာရီက မင်းလှမြို့နယ်အတွင်းရှိ သတ်မှတ် ထားသည့်ဆေးထိုးစုရပ်များ၌ ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံပေးရာ၌ ကျန်းမာရေးဝန်ကြီးဌာန၏လမ်းညွှန်ချက်များနှင့် အညီ ကျန်းမာရေးဝန်ထမ်းများက ဆေးထိုးနှံပေးပြီး၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများက ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
မင်းလှမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံရန် အကျုံးဝင်သူ ၁၀၄၆၇၈ ဦး ရှိရာ ဇန်နဝါရီလ ၂၄ ရက်နေ့အထိ ဆေးထိုးစုရပ်များ၌ ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး လာရောက်ထိုးနှံပြီးသူ ၇၀၅၃၄ ဦး၊ ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး လာရောက်ထိုးနှံပြီးသူ ၆၆၃၉၃ ဦးရှိပြီး ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိသူများအား သတ်မှတ်ဆေးထိုးစုရပ်များတွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
ဇာဇာ(အထက်မင်းလှ)