နတ်မောက် ဇန်နဝါရီ ၂၅
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ်တွင် (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အကြိုအထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် ဆောင်းပါးပြိုင်ပွဲများကို ယနေ့လယ် (၁) နာရီအချိန်မှစတင်၍ ဗိုလ်ချုပ်အထိမ်းအမှတ် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
ထိုသို့ ကျင်းပပြုလုပ်ရာတွင် မြို့နယ်အဆင့်ရှိ အထက်တန်းအဆင့် ကျောင်းသား/သူများ ဝင်ရောက်ဖြေဆိုကြပြီး ကဗျာပြိုင်ပွဲတွင် “စိန်ရတုပြည်ထောင်စုပွဲတော်တို့နွှဲပျော်” ခေါင်းစဉ်ဖြင့် ကျောင်းသား/သူ (၁၀)ဦး ဝင်ရောက်ဖြေဆို၍ ပန်းချီပြိုင်ပွဲတွင် “စိန်ရတုပြည်ထောင်စုပွဲတော်” ခေါင်းစဉ်ဖြင့်ကျောင်းသား/သူ (၈) ဦး ဝင်ရောက်ဖြေဆိုခဲ့ကြကြောင်း သိရသည်။
သင်းသင်းမြတ်