ပြင်စလူ ဇန်နဝါရီလ. ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြင်စလူမြို့ တွင် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Sinovac)များအား ယနေ့ နံနက် (၁၀)နာရီ အချိန်မှ စတင်၍ ဒုတိယအကြိမ် ဆေးထိုးစုရပ်ဖြစ်သည့် ပြင်စလူမြို့ ၊အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ခန်းမ၌ ထိုးနှံပေးလျက်ရှိသည်။
အဆိုပါ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို ပြင်စလူမြို့၊ မြို့အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ဦးဆောင်မှုဖြင့် ကျန်းမာရေး ဦးစီးဌာန ဝန်ထမ်းများက ကိုယ်အပူချိန်နှင့် သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ သွေးတွင်းအောက်စီဂျင် တိုင်းတာခြင်း လုပ်ငန်း များနှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်း များကို ကျန်းမာရေးဝန်ကြီးဌာန ၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက် ပေးလျက်ရှိရာ ပြင်စလူမြို့၊ မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊မြို့အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများ၊စိုက်ပျိုးရေးဦးစီးဌာနတို့မှ ကူညီ ဆောင် ရွက် ပေးလျက်ရှိကြောင်း သိရသည်။
ယနေ့ ထိုးနှံပေးသည့် ကိုဗစ်ရောဂါကာကွယ်ဆေးမှာ အသက်(၁၈) နှစ်နှင့်အထက် ဒေသခံ ရပ်ကွက်၊ ကျေးရွာအုပ်စုများမှပြည်သူ စုစုပေါင်းလူဦးရေ (၂၀၀)ဦးအတွက် ဒုတိယအကြိမ် ထိုးနှံပေးခြင်းဖြစ်ပြီး ကျေးရွာအုပ်စုများရှိဒေသခံပြည်သူများကို ဦးစားပေး ထိုးနှံပေးလျက်ရှိသည်။
ပြင်စလူမြို့သည် ရေလမ်းတစ်ခုထဲကိုသာ အားကိုး၍သွားလာရသောဒေသဖြစ်ခြင်းကြောင့် အချို့ ကျေးရွာများမှ ဒေသခံပြည်သူများကို စောင့်ဆိုင်း၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ထိုးနှံပေး သွားမည်ဖြစ်ကြောင်းသိရသည်။