ဘုတ်ပြင်းမြို့နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ သိကောင်းစရာ အသိပညာပေး Talk Show ဆွေးနွေးပွဲကျင်းပ

ဘုတ်ပြင်း   ဇန်နဝါရီ     ၂၅

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန Community Centre ခန်းမတွင် ယမန်နေ့  မွန်းလွဲ(၃)နာရီအချိန်က ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ အသိပညာပေး Talk Show ဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ ကြောင်းသိရသည်။

အဆိုပါ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အသိပညာပေး Talk Show ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ဖြူဖြူသိန်းက  ပြည်သူများ အနေဖြင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာများနှင့်ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် သိရှိ စေရန် Online မှတဆင့်  အသိပညာပေးဆောင်ရွက်ရသည့် ရည်ရွယ်ချက်များပြောကြားသည်။

ဆက်လက်၍ ဘုတ်ပြင်းမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်သန်းဆင့်က ကလးသူငယ်အဓိပ္ပါယ်ဖွင့်ဆိုချက်ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးကော်မတီ၏ အခြေခံမူ()ရပ်သည့် ကလေး၏အကောင်းဆုံးအကျိုးစီးပွားဖြစ်ထွန်းမှု၊ ခွဲခြားသတ်မှတ်မှုမရှိခြင်း၊ ကလေးငယ်၏ထင်မြင်ယူဆ ချက်ကို အလေးထားမှု၊ အသက်ရှင်သန်မှုနှင့်ဖွံဖြိုးတိုးတက်မှု စသည့်များနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အုပ်စုများဖြစ်သည့် အသက်ရှင်သန်ခွင့် အကာ အကွယ်ပေး ခံပိုင်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ပါဝင်ဆောင်ရွက်ခွင့် စသည့် အခွင့်အရေးဆိုင်ရာများနှင့် ကလေး သူငယ်ကာကွယ် စောင့်ရှောက်ရေးနှင့်ပတ်သက်သည့် မြန်မာနိုင်ငံကလေးသူငယ်ဥပဒေပါ ပြဋ္ဌာန်းချက်များကို ကျယ်ကျယ် ပြန့်ပြန့်သိရှိစေရန် အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)