ကော့သောင်း ဇန်နဝါရီ ၂၅
(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အကြိုအထိမ်းအမှတ် ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ကာယစွမ်းရည်ပြိုင်ပွဲများကို ယမန်နေ့ မွန်းလွဲပိုင်းက ကော့သောင်းခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲများတွင် အလယ်တန်းအဆင့်နှင့်မှုလတန်းအဆင့် ကျောင်းသားကျောင်းသူလေး များက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြရာ ဆေးရောင်ခြယ်ပြိုင်ပွဲအား ကျောင်းသား၊ ကျောင်းသူကလေးငယ်များ စာကြည့်တိုက်နှင့် ရင်းနှီးမှုရှိစေရန်၊ တွေးတောဆင်ခြင်ကြံဆမှုနှင့်တီတွင် ဖန်တီးလိုစိတ်များ မြင့်မားလာစေပြီး စိတ်ကူးစိတ်သန်းများ ထက်မြက်လာစေရန်နှင့် ကာယစွည်းရည် ပြိုင်ပွဲများအား လူငယ်လူရွယ် ကလေးဘဝမှစတင်ကာ ကိုယ်ကာယဖွံ့ဖြိုးတိုးတက် မြင့်မားလာပြီး ကျန်းမာကြံ့ခိုင်သည့်မျိုးဆက်သစ်များ ပေါ်ထွက်လာရေးနှင့် အားကစားပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်လိုစိတ်များ ဖြစ်ပေါ်လာစေရန်၊ရည်ရွယ်၍ ကျင်းပပြုလုပ်ခဲ့ကြ ခြင်းဖြစ်ပြီး ပြိုင်ပွဲတွင် ဆုရရှိခဲ့ကြသည် ကျောင်းသား၊ ကျောင်းသူများကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တာဝန်ရှိသူများက အမှတ်တရလက်ဆောင်များ ပေးအပ်ချီးမြှင့် ခဲ့ကြကြောင်း သိရသည်။
ကျော်စိုး(ကော့သောင်း)