ကမမောင်းမြို့တွင်၇၅နှစ်‌ မြောက်စိန်ရတုပြည်ထောင်စု နေ့အထိမ်းအမှတ်အကြို ကျောင်းသား/ကျောင်းသူများ ကာယဉာဏ ဖွံ့ဖြိုးစေရန်အတွက် အားကစားလှုပ်ရှားမှုပြိုင်ပွဲများကျင်းပ

ကမမောင်း   ဒီဇင်ဘာ  ၂၅

ကရင်ပြည်နယ် ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင်(၇၅)နှစ်မြောက်စိန်ရတုပြည်‌ ထောင်စုနေ့ အထိမ်းအမှတ်အကြို ကျောင်းသား/ကျောင်းသူများ ကာယဉာဏ ဖွံ့ဖြိုးစေရန်၊ ဉာဏ်ရည် ဉာဏ်သွေး တိုးတက်မြင့်မားလာစေရန်၊ ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်း များ ရရှိလာစေရန်ရည်ရွယ်၍  အားက စား လှုပ်ရှားမှု ပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကမ‌မောင်းမြို့လူထု အခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကမမောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ယဉ်ယဉ်အေးက အားကစားလှုပ်ရှားမှုပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များကိုပြောကြား ပြီး အားကစားလှုပ်ရှားမှုဆိုင်ရာ ကစားနည်းပြိုင်ပွဲများတွင် ဘောလုံးမှုတ်ပြိုင်ပွဲ၊ ဘောလုံး ရင်ချင်းအပ်ပြိုင်ပွဲ များပြုလုပ်ပေးခဲ့ရာ ကျောင်းသား/ကျောင်းသူ(၂၀) ဦးပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ဆုရရှိသူများကို တာဝန်ရှိသူများက အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ကမမောင်း(ပြန်/ဆက်)