ဘောဂလိမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း စာဖတ်ဝိုင်း ကျင်းပ

ဘောဂလိ  ဇန်နဝါရီ  ၂၅

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးစီးဌာနက စာအုပ်စာပေ ချစ်မြတ်နိုးသူများ  ပိုမိုတိုးပွာလာစေရန်  အတွေး အခေါ်  အသိအမြင်များ  အချင်းချင်းဖလှယ် တတ်စေရန်၊ စာပေမှရရှိသော အသိအမြင် ဗဟုသုတများကို အသုံးချတတ်စေရန် ရည်ရွယ်၍ “ ပန်းလိုချင်အပင်ပျိုးတတ်မှ” စာအုပ်ဖြင့် ယနေ့နံနက်(၁၀)နာရီအချိန်က လူထု အခြေပြု ဗဟိုဌာန (Community  Centre)ခန်းမ၌ ကျင်းပ  ပြုလုပ်ခဲ့သည်။

ရှေ့ဦးစွာ ဘောဂလိမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး  ဒေါ်ကြည်ကြည်ခိုင်က စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခြင်းဖြင့် စာဖတ်သည့် အလေ့အထရရှိစေ ခြင်း၊  အသိပညာ ဗဟုသုတများ  ပိုမိုတိုးပွားလာစေခြင်း၊ စာပေမှရရှိ‌သော  ဗဟုသုတများကို  လူမှုပတ်ဝန်းကျင်တွင်  အသုံးချတတ်လာခြင်း၊စာပေဖတ်ရှုခြင်းဖြင့်  မိမိကိုယ်ကို  ယုံကြည်မှုရှိပြီး  အမှားအမှန်ကို  ဝေဖန်ပိုင်းခြားနိုင်ခြင်း စသည့်    စာဖတ်ဝိုင်းပြုလုပ်ရခြင်း  ရည်ရွယ်ချက် များကို   ရှင်းလင်းပြောကြားပြီး  တက်ရောက်လာသော  စာအုပ်စာစောင် ချစ်မြတ်နိုးသူများက  စာရေးဆရာ လယ်တွင်းသားစောချစ်  ရေးသားသော  “ပန်းလိုချင်အပင်ပျိုးတတ်မှ” စာအုပ် တွင်ပါရှိသော  အကြောင်းအရာများကို  အပြန်အလှန်  ဆွေးနွေးခဲ့ကြကြောင်း  သိရသည်။

ဘောဂလိ (ပြန်/ဆက်)