လှိုင်းဘွဲ ဇန်နဝါရီလ ၂၄
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်စားအငြိမ်းစား ဝန်ထမ်းများအား ပင်စင်လစားများကို ယနေ့နံနက်ပိုင်းက ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး လမ်းညွန်ချက်နှင့်အညီ ထုတ်ပေးလျက် ရှိကြောင်း သိရသည်။
လှိုင်းဘွဲမြို့နယ် ပင်စင်စားအငြိမ်းစား ဝန်ထမ်းများအနေဖြင့် ပင်စင်လစာများ ထုတ်ယူရာတွင် ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်ရန်နှင့် ကူးစက်ပျံ့နှံ့မှုမရှိစေရန်အတွက် ပင်စင်လစားများကို တစ်ရက်တည်းသာ ထုတ်ပေးခြင်း မဟုတ်ဘဲ လစဉ် (၂၁)ရက်နေ့နောက်ပိုင်း ရုံးဖွင့်သည့် ရက်များ တွင် ထုတ်ပေးသွားမည်ဖြစ်ကြောင်း၊ လှိုင်းဘွဲမြို့ နယ်တွင် ပင်စင်စားအငြိမ်းစား ဝန်ထမ်းဦးရေ (၈၀၀) ကျော်ရှိပြီး အငြိမ်းစားဝန်ထမ်းအနေဖြင့် ပင်စင်လစာများ လာရောက်ထုတ်ယူရာတွင် လူစုလူဝေးမဖြစ်ပေါ်စေခြင်း၊ နှာခေါင်းစည်းများတပ်ဆင်ခြင်း စသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ရေး လမ်းညွန်ချက်နှင့်အညီ ရှိစေရေးအတွက် မြန်မာ့စီးပွားရေးဘဏ်ဝန်ထမ်းများက ကြီးကြပ်၍ စနစ်တကျ စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
စောဒိ (ပြန်/ဆက်)