ညောင်လေးပင်မြို့နယ်တွင် လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပစ္စည်းများပေးအပ်

ညောင်လေးပင် ဇန်နဝါရီ ၂၄

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ညောင်လေးပင်မြို့နယ်တွင်  လေပြင်းထန်စွာ တိုက်ခတ်မှုကြောင့် ပြိုလဲခဲ့သော အိမ်များ၊ အိမ်ထောင်စုများအတွက် ထောက်ပံ့ပေးခြင်းကို ယနေ့ မွန်းလွဲ ၁ နာရီက မြို့နယ်ဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာနရှေ့၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ထောက်ပံ့ပေးအပ်ရာတွင် (၂၀.၁.၂၀၂၂) ရက် ည (၁၀:၃၀)အချိန်တွင် ညောင်လေးပင်မြို့နယ် ပိန်းဇလုပ်မြို့ မြို့မ(၁)နှင့် မြို့မ(၂) ရပ်ကွက်တို့၌ တိုက်ခတ်ခဲ့သော လေပြင်းဘေးကြောင့် ပြိုလဲနေအိမ်တစ်လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၁၀၀,၀၀၀) ကျပ်၊ တစ်စိတ်တစ်ပိုင်း ပျက်စီးနေအိမ်တစ်လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ(၃၀,၀၀၀)ကျပ်၊ အမိုးလန်ပျက်စီးနေအိမ် (၅)လုံးအတွက် (၂၁၀,၀၀၀) ကျပ်နှင့် လူဦးရေ(၂၆)ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၅၄,၆၀၀)ကျပ် စုစုပေါင်း (၃၉၄,၆၀၀)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုးပါ (၁)အိမ်ထောင်စာတို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ထောက်ပံ့ပေးအပ်ခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်ဘေးအန္တရာယ် စီမံ ခန့်ခွဲမှု ဦးစီးဌာနတို့ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်ပြန်ဆက်