ရွှေသောင်ယံ ဇန်နဝါရီ ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့တွင် ယနေ့နံနက် (၁၀) နာရီက အိုမီခရွန် မျိုးဗီဇပြောင်း ကူးစက်ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးဝန်ထမ်းများမှ ရပ်ကွက်အတွင်း လိုက်လံနှိုးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါအသိပညာပေးနှိုးဆော်ရာတွင် အိုမီခရွန်မျိုးဗီဇပြောင်းကူးစက်ရောဂါသည် ကူးစက်မှုမြန်ဆန်ပြီး ယခုအခါ၌ ကမ္ဘာ့နိုင်ငံအတော်များများ၌ ကူးစက်ပျံ့နှံ့မှုများ ရှိလာနေသည်။ ထို့အတူ မိမိတို့ နိုင်ငံတွင်လည်းကူးစက်ပြန့်ပွားလာနေပြီဖြစ်သည်။
ထို့ကြောင့် ၎င်းအိုမီခရွန်ကူးစက်ရောဂါသည် မိမိတို့ဒေသတွင်းကူးစက်ပြန့်ပွားမှုမဖြစ်စေရန်အတွက် ပြည်သူများ သတိထားဆင်ခြင်ရမည့် အကြောင်းအရာများကိုရပ်ကွက်များအတွင်း၌ မကြာခဏ လိုက်လံနှိုးဆော်ပေးရခြင်းဖြစ်ကြောင်း ၎င်းရောဂါသည် ယခင်ကိုဗစ်-၁၉ရောဂါဖြစ်ထားသူများ လည်းပြန်လည်ဖြစ်ပွားနိုင်ကြောင်း၊ ထို့ကြောင့်မိမိတို့မြို့ရွာအတွင်း၌ နေထိုင်ကြသည့် ပြည်သူများ အတွက် ကျန်းမာရေးစည်းကမ်းချက်များဖြစ်သည့်အိမ်ပြင်သို့ ထွက်ခွါသွားလာပါက နှာခေါင်းစည်း (Mask)များကို စနစ်တကျ တပ်ဆင်သွားလာကြရန်၊ လူစုလူဝေးများတွင်မလွှဲမရှောင်သာ သွားလာနေထိုင်ရပါက (Face Shield)များကိုပါ တပ်ဆင်သွားလာရန်၊ အပြင်ကပြန်လာတိုင်း (Mask)များကို အမှိုက်ပုံးများအတွင်း စနစ်တကျစွန်ပြစ်ရန်၊ လက်ကိုမကြာခဏဆပ်ပြာနှင့်စက္ကန့်(၂၀)ကြာအောင် စနစ်တကျဆေးကြောရန်၊ လူစုလူဝေးများကို အတတ်နိုင်ဆုံးရှောင်ရှားပြီး လေဝင်လေထွက် ကောင်းသောနေရာများတွင်နေထိုင်ကြရန်၊ ဖျားနာပြီးသံသယရှိပါက ကျန်းမာရေးဌာနသို့ ဆက်သွယ်အကြောင်းကြားကာ ဆေး ကုသမှုခံယူရန်၊ပြည်သူများ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အားအကြိမ်ပြည့်ထိုးနှံကြရန်၊ ကာကွယ်ဆေးထိုးနှံပြီးသော်လည်း ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များအတိုင်း တိကျစွာလိုက်နာဆောင်ရွက်ရန် စသည်ဖြင့် လိုက်လံနှိုးဆော်ပေးခဲ့ကြောင်း သိရသည်။
ရွှေသောင်ယံ(ပြန်/ဆက်)