ငပုတော ဇန်နဝါရီ ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် အားကစားနှင့်ကာယပညာကော်မတီမှ ကြီးမှူးကျင်းပသည့် (၇၅)နှစ်မြောက် (စိန်ရတု)ပြည်ထောင်စုနေ့ အထိမ်းအမှတ် အားကစားနှင့် ကာယပညာကော်မတီ ဥက္ကဌဖလား အမျိုးသားအလွတ်တန်း ရပ်ကွက်နှင့်ကျေးရွာပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ (၃)နာရီအချိန်က ငပုတောမြို့ ပမ္မဝတီဘောလုံး အားကစား ကွင်း၌ ကျင်းပပြုလုပ်သည်။
အဆိုပါဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် အဖွဲ့ဝင်များ ပုမ်ခရိုင် အားကစားနှင့်ကာယပညာကော်မတီမှ တာဝန်ရှိသူများ ငပုတောမြို့နယ်မှ ဌာနဆိုင်ရာအကြီးအကဲများ အားကစားသမားများနှင့် ပွဲကြည့်သူ ပြည်သူများ တက်ရောက်ကြသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချူပ်ရေးအဖွဲ့ ဥက္ကဌ ဦးကျော်သူက အဖွင့်အမှာစကား ပြောကြားရာတွင် မိမိတို့မြို့နယ်သည် ယခင်က ဘောလုံးအားကစားသမားများ အစဉ်အဆက် ပေါ်ထွက်ခဲ့သည့် မြို့နယ်ဖြစ်သည့်အလျှောက် ကိုဗစ်-၁၉ ရောဂါကင်းစင်သည့် မြို့နယ် လည်းဖြစ်သည့်အတွက် ယခုအချိန်တွင် ဘောလုံးအားကစားကို အောင်မြင်စွာကျင်းပနိုင်ပါက ငပုတောမြို့နယ်၏ အေးချမ်း သာယာသောပုံရိပ်ကို ဂုဏ်ယူစွာ ဖော်ထုတ်နိုင်မည်ဖြစ်သဖြင့် အားကစားသမားများအနေဖြင့် အရှုံးအနိုင် အဓိကမထားပဲ အားကစား စိတ်ဓါတ် အပြည့်အဝဖြင့် ယှဉ်ပြိုင်ခြင်းကိုသာ အဓိကထား၍ ကစားကြစေလိုကြောင်းနှင့် ယခုလိုပြိုင်ပွဲများ ကျင်းပပေးရခြင်းမှာ ဘောလုံး အားကစားသမားများအနေဖြင့် ကျန်းမာကြံ့ခိုင်သော အားကစားသမားများ ပေါ်ထွက်လာပြီး လူ့စွမ်းအားအရင်းအမြစ်များ ဖွံဖြိုးတိုးတက်စေရန်နှင့် နိုင်ငံတော်မှ အားထားရသည့် နိုင်ငံဂုဏ်ဆောင် အားကစားသမားကောင်းများ ပေါ်ထွန်းလာစေရေးအတွက် ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဘောလုံးအားကစားပြိုင်ပွဲတွင် အလွတ်တန်းရပ်ကွက်နှင့် ကျေးရွာပေါင်းစုံ ဘောလုံးပြိုင်ပွဲကို ပြိုင်ပွဲဝင် ဘောလုံးအသင်း ၁၈ သင်း ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ဇန်နဝါရီလ ၂၃ ရက်နေ့မှ ဖေဖော်ဝါရီလ ၁၂ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်၊၊ ယနေ့ ပထမပွဲစဉ်အဖြစ် သက္ကချောင်းအသင်းနှင့် ဟိုင်းကြီးကျွန်းအသင်းတို့ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း ပြိုင်ပွဲကျင်းပရေး ကော်မတီ ထံမှ သိရသည်။
နုနုအေး