မုဒုံ ဇန်နဝါရီ ၂၄
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်အနီးဝန်းကျင်တစ်ဝိုက်နှင့် ကျေးလက်ဒေသ များတွင် ပဲတောင့်ရှည် စိုက်တောင်သူများ တစ်ဖက်တစ်လမ်းမှ ဝင်ငွေရရှိသည်။
ပဲတောင့်ရှည်ကို စိုက်ပျိုးပြီး တစ်လခွဲအကြာတွင် ခူးဆွတ်နိုင်ပြီ ဈေးကွက်အတွင်း ဒေသပေါက်စျေး ပဲတောင့်ရှည် တစ်ပိသာလျှင် (၂၅၀၀) ကျပ်၊ တစ်စည်း ၆ဝဝ ကျပ် ရရှိသဖြင့် မိသားစုအတွက် တစ်ဖက်တစ်လမ်းမှ အပိုဝင်ငွေရရှိကြောင်း မုဒုံမြို့နယ် ဖယ်ဒိုကျေးရွာမှ ပဲတောင့်ရှည်စိုက် တောင်သူတစ်ဦး၏ ပြောပြချက်အရ သိရသည်။
မုဒုံမြို့နယ်တွင် ရာဘာစိုက်ပျိုးရေးနှင့် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းကို အဓိက လုပ်ကိုင်ကြပြီး၊ မိသားစု စားသုံးရန်နှင့် တစ်ဖက်တစ်လမ်းမှ အပိုဝင်ငွေရရှိနိုင်ရန် ဟင်းသီးဟင်းရွက်များ စိုက်ပျိုးကြခြင်းဖြစ်ကြောင်း သိရသည်။
အောင်မျိုးသူ(ပြန်/ဆက်)