တောင်တွင်းကြီး ဇန်နဝါရီ ၂၄
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်၊ ခြောက်လတာ ကာလအတွင်း ကျေးလက်နေ ပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း(VDP) ရန်ပုံငွေဖြင့် ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ပေးခြင်းကို စီမံကိန်းရန်ပုံငွေကျပ် သိန်း(၁၀၀)ဖြင့် တောင်တွင်းကြီးမြို့နယ် အတွင်းရှိသဲ ကောကျေးရွာနေ ပြည်သူများ ရာသီမရွေး သွားလာနိုင်ရေးအတွက် ကျေးရွာတွင်း ကွန်ကရစ်လမ်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများကို ယနေ့နံနက်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂) ဦးလှသောင်းနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုတို့လုပ်ငန်းများ ဆောင်ရွက်ရာတွင်သဲကော ကျေးရွာတွင်း ကွန်ကရစ်လမ်းမှာ အရှည်ပေ ၈၅၀ ပေရှိပြီး ၂၀၂၁-၂၀၂၂ဘဏ္ဍာနှစ်၊ ခြောက်လဘတ်ဂျတ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ (VDP)စီမံကိန်း ရန်ပုံငွေကျပ် သိန်း (၁၀၀)၊ ပြည်သူလူထု ထည့်ဝင်ငွေ ကျပ် (၂၀)သိန်းဖြင့် လမ်းအကျယ် ၁၂ ပေ၊ ထု ၆ လက်မ ကွန်ကရစ်လမ်းအဖြစ် ကျေးရွာစီမံကိန်း လုပ်ငန်းကြီးကြပ်မှု ကော်မတီက တာဝန်ယူ၍ ဒီဇင်ဘာလ(၇)ရက်နေ့က စတင်၍ ဆောင်ရွက်နေခြင်းဖြစ်ပြီး လုပ်ငန်းအရည် အသွေးပြည့်မီရေးနှင့် သတ်မှတ် ကာလအတွင်း အချိန်မီပြီးစီးရေးအတွက် လိုအပ်သည့် နည်းပညာများကို မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက အနီးကပ်ကြီးကြပ် ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။
ယခုအခါ ကျေးရွာတွင်း ကွန်ကရစ်လမ်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းမှာ ရာခိုင်နှုန်းပြည့် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။ ယင်းကွန်ကရစ်လမ်း အဆင့်မြှင့်တင် ဆောင်ရွက် ပြီးစီးပြီဖြစ်၍ တောင်တွင်းကြီးမြို့နယ် သဲကျေးရွာရှိ အိမ်ထောင်စု(၁၉၅)စု၊ လူဦးရေ(၉၀၇)ဦးတို့၏ ဒေသခံပြည်သူများအတွက် ရာသီမရွေး အဆင်ပြေစွာ သွားလာနိုင်သည့်အပြင် လယ်ယာသီးနှံ ထွက်ကုန်များကိုလည်း အချိန်ကုန် လူပင်ပန်း သက်သာစွာဖြင့် သယ်ယူပို့ဆောင် ရောင်းချနိုင်ပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးခုတ်မွန်းလျန်ထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)