ကြာအင်းဆိပ်ကြီး ဇန်နဝါရီ ၂၄
ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မိဘပြည်သူများအား အသိပညာဗဟုသုတများ အထွေထွေဗဟုသုတများ တိုးပွားလာစေရေးနှင့် သိသင့်သိထိုက်သည်များကို သိရှိနားလည်လာနိုင်စေရေးအတွက် အသိပညာပေးခြင်းလုပ်ငန်းများကို ရပ်ကွက်/ကျေးရွာများသို့ သွားရောက်ပြီးကွင်းဆောင်ရွက်ခြင်းများနှင့် iprd Facebook page အွန်လိုင်းမှတဆင့် အသိပညာပေးခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါအသိပညာပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့မွန်းလွဲပိုင်း ၂နာရီအချိန်က ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ အမျိုးသမီးများဘဝဖွံ့ဖြိုးတိုးတက်ရေး Talk Show ဆွေးနွေးပွဲ ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။
၎င်းTalk Show ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်နှင်းကြည်နှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း Book Club အဖွဲ့ဝင် ဆရာမဒေါ်နန်းညွန့်ညွန့်ဆွေတို့မှ အမျိုးသမီးများ၏ လုပ်ကိုင်ခွင့်ရပိုင်ခွင့်များ ကျား/မတန်းတူအခွင့်အရေးများ အသက်မွေးဝမ်းကြောင်း လက်မှုအတတ်ပညာလုပ်ငန်းများနှင့် တစ်ပိုင်တစ်နိုင် အိမ်တွင်းမှုလုပ်ငန်းများ လုပ်ကိုင်နိုက်စေရေးနှင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုဆိုင်ရာ ဥပဒေပြဌာန်းချက်များ ရပိုင်ခွင့်များ စသည်တို့အား ပြောဆိုဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ Talk Show ဆွေးနွေးပွဲ အကြောင်းအရာများအား မိဘပြည်သူများအနေဖြင့် လေ့လာကြည့်ရှုမှတ်သားနိုင်စေရေးအတွက် iprd kyarinn seikkyi facebook page စာမျက်နှာ၌ ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ကြောင်း သိရသည်။
မျိုးမင်းဦး