ဝါးခယ်မမြို့မြန်မာ့စီးပွားရေးဘဏ်ခွဲတွင် အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာများ ဆက်လက်ထုတ်ပေးလျက်ရှိ

ဝါးခယ်မ ဇန်နဝါရီ ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ၀ါးခယ်မမြို့နယ်အတွင်းရှိ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများကို ယနေ့နံနက်(၉)နာရီမှ စတင်၍ မြန်မာ့စီးပွားရေးဘဏ်ခွဲရှိ ဝန်ထမ်းများက ဆက်လက်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ပင်စင်လစာများကို ထုတ်ပေးရာတွင် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွန်ချက်များနှင့်အညီ  စနစ်တကျ ထုတ်ပေးလျက်ရှိသည်။ ဝါးခယ်မမြို့နယ်တွင် ပင်စင်စား ဝန်ထမ်း(၂၇၄၃)ဦးရှိပြီး ဇန်နဝါရီ ၂၁ ရက်နေ့မှ လကုန်အထိ နေ့စဉ်နံနက်(၉)နာရီမှ နေ့လယ်(၂)နာရီထိ ပင်စင်လစာငွေများ ထုတ်ပေးသွားမည်ဖြစ်သည်။ သတ်မှတ်ရက်များတွင် လာရောက်ထုတ်ယူခြင်းမရှိသော ပင်စင်စားဝန်ထမ်းများအား ဖေဖော်ဝါရီလဆန်းတွင် ဘဏ်လုပ်ငန်းချိန်အတွင်း၌ ဆက်လက် ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

စောသန္တာဦး