ပိုင်ကျုံမြို့၌ မူးယစ်ဆေးဝါး၏ ဆိုးကျိုးများကို သိရှိနိုင်ရန် မြေစိုက်နံရံကပ်ပြဘုတ်တွင် ပြသထားရှိ

ပိုင်ကျုံ  ဇန်နဝါရီ  ၂၄

ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတများ ရရှိစေရန်အတွက် ဌာန၏ လုပ်ငန်းကဏ္ဍမျိုးစုံမှ ဆောင်ရွက်လျက်ရှိရာ မူးယစ်ဆေးဝါးဆိုင်ရာ ဆိုးကျိုးများအကြောင်းကို နံရံကပ် စာစောင်ပြုလုပ်၍ ပြည်သူများ အလွယ်တကူ ကြည့်ရှုလေ့လာနိုင်ရန် ဌာနပိုင်မြေစိုက်နံကပ်ပြဘုတ်တွင် ဇန်နဝါရီ ၂၂ ရက်နေ့ မွန်းလွဲပိုင်းကစတင်၍ ကပ်ထားပြသခဲ့သည်။

ထိုသို့ပြသထားရာတွင် မူးယစ်ဆေးဝါးသုံးစွဲသူများ ခံစားနေကြရသည့် ရောဂါများအကြောင်းနှင့် ၎င်းတို့၏ မိသားစုဝင်ကိုပင် ကူးစက်နိုင်သည့် ရောဂါများအကြောင်းကို ပြသထားရှိသည်။ ထို့ပြင် မြို့အတွင်း မူးယစ်ဆေးဝါးသုံးစွဲသူများ လျှော့နည်းစေရေးနှင့် မူးယစ်ဆေးဝါးကြောင့် နောက်ဆက်တွဲရောဂါများအကြောင်းကို ရှာဖွေစစ်ဆေးပေးလျက်ရှိပြီး အခြားကျန်းမာရေးဆိုင်ရာများတွင် ပါဝင်ကူညီလျက်ရှိသည့် (MANA) အဖွဲ့အစည်းမှ ပေးပို့သော မူးယစ်ဆေးဝါး အစားထိုးတိုက်ကျွေးသည့် “မက်သာဒုံး”ဆေးအကြောင်း သိကောင်းစရာ လက်ကမ်းစာစောင်များကို ပြသထားရှိပြီ လူအများ စိတ်ဝင်တစား ကြည့်ရှုလေ့လာလျက်ရှိကြောင်း သိရသည်။

ပိုင်ကျုံ (ပြန်/ဆက်)