မြဝတီ ဇန်နဝါရီ ၂၄
ကရင်ပြည်နယ်၊ မြဝတီမြို့တွင် အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာများကို ဇန်နဝါရီလ ၂၁ ရက်နေ့မှ စတင်၍ ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ မြန်မာ့စီးပွားရေးဘဏ်၌ ထုတ်ပေးလျက်ရှိကြောင်း သိရ သည်။
အဆိုပါ ပင်စင်လစာများထုတ်ပေးရာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေး ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျဖြစ်စေရေးအတွက် အလှည့်ကျထုတ်ပေးခဲ့သည်။ ထို့သို့ ထုတ်ပေးရာ၌ ဇန်နဝါရီလ (၂၁) ရက်နေ့မှ ယနေ့နေ့လယ်အထိ အငြိမ်းစားဝန်ထမ်း (၇၂၅) ဦးခန့်က ပင်စင်လစာများ လာရောက်ထုတ်ယူခဲ့ပြီးဖြစ်သည်။
ထို့ပြင် မြဝတီမြို့၌ ပင်စင်လစာမထုတ်ရသေးသည့် အငြိမ်းစားဝန်ထမ်းများအတွက် ပင်စင်လစာ များကို လည်း ဇန်နဝါရီလ ၃၁ ရက်နေ့အထိ ရုံးဖွင့်ရက်များတွင် ဆက်လက်ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရ သည်။
မန်းသန်းရွှေမြင့် (ပြန်/ဆက်)