ဝါးခယ်မတွင် စပါးခင်းများအတွင်း ငါးမျိုးများ စိုက်ထည့်

 

ဝါးခယ်မ ဩဂုတ် ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ဒေသအတွင်း ငါးရိက္ခာစားသုံးမှု ဖူလုံစေရေးအတွက် စပါးခင်းများအတွင်း ငါးမျိုးများ စိုက်ထည့်ခြင်းကို ယနေ့နံနက် ၉ နာရီက အူကျွန်းကျေးရွာ တောင်သူ ဦးဘမြင့်၏ ပေါ်ဆန်းရင် မျိုးသန့်ထုတ် စိုက်ခင်းတွင် ပြုလုပ်ခဲ့သည်။

ငါးမျိုးများ စိုက်ထည့်ရာတွင် ငါးလုပ်ငန်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ချစ်ခိုင်နှင့် ဝန်ထမ်းများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ပြည်သူများက ငါးခုံးမကြီး၊ ငါးမြစ်ချင်း သားပေါက်ကောင်ရေ စုစုပေါင်း ၁၂၅၀၀၀ အား စပါးခင်းအတွင်းသို့ ငါးမျိုးများ စိုက်ထည့် ပေးခဲ့ကြောင်း သိရသည်။

လွှမ်းသီဟ(ပြန်/ဆက်)