မကွေးမြို့တွင် အခြေခံလျှပ်စစ် သံဂဟေဆက်နည်း သင်တန်း အမှတ်စဉ် (၁၅/၂၀၂၀) အခမ်းအနား ဖွင့်လှစ်

မကွေး ဩဂုတ် ၂၆

မကွေးတိုင်းဒေသကြီး၊ အသေးစားစက်မှုလက်မှုဦးစီးဌာနက မကွေးမြို့တွင် အခြေခံ လျှပ်စစ် သံဂဟေ ဆက်နည်းသင်တန်း အမှတ်စဉ်(၁၅/၂၀၂၀)ကို ယနေ့ နံနက်(၉)နာရီ က အသေးစား စက်မှုလက်မှုဦးစီးဌာန သင်တန်းခန်းမတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရ သည်။

အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့လူမှုရေးဝန်ကြီး၊ ဦးမြင့်ဆွေက အဖွင့် အမှာစကား ပြောကြားပြီး အသေးစားစက်မှုလက်မှုဦးစီးဌာန တိုင်းဦးစီးမှူး၊ ဦးဝင်းဗိုလ်မှသင်တန်းနှင့်ပတ်သက်သည့် ကိစ္စရပ်များရှင်းလင်း တင်ပြကြောင်း သိရ သည်။

အဆိုပါသင်တန်းကို မကွေးတိုင်းဒေသကြီးအစိုးရ၏ ရန်ပုံငွေဖြင့် ဖွင့်လှစ်တာဖြစ်ပြီး တောင်တွင်းကြီး မြို့နယ်အတွင်းရှိ ကျေးရွာ(၉)ရွာမှ သင်တန်းသား(၂၀)ဦး တက်ရောက် ခဲ့ကြောင်းနှင့် သင်တန်းကာလ မှာ(၂၀)ရက် ဖြစ်ကြောင်းသိရှိရသည်။

ထွန်းမြင့်(ပြန်/ဆက်)