မင်းလှမြို့နယ်၌ ဒေသဖွံ့ဖြိုးရေး ရပ်ရွာအေးချမ်းသာယာရေးအတွက် ဌာနဆိုင်ရာများပူးပေါင်းအဖွဲ့မှ ကွင်းဆင်းဆောင်ရွက်

အထက်မင်းလှ  ဇန်နဝါရီ  ၂၃

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ရပ်ရွာအေးချမ်းသာယာရေး၊  တရားဥပဒေစိုးမိုးရေးလုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့မှ ယမန်နေ့နံနက် ၈ နာရီက မင်းလှမြို့နယ်‌ ရှမ်းတပ်ကျေးရွာ၊ ရေ ကျော်‌ကျေးရွာ၊ ရေငံကျေးရွာ၊ ချင်းကုန်းကျေးရွာနှင့် အောက်ကိုင်းကျေးရွာတို့တွင် ကျေးရွာနေ‌ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍  အသိပေးရှင်းလင်းဆွေးနွေးခဲ့‌ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက မင်းလှမြို့နယ်အတွင်း ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများအပါအဝင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် မြို့ နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများပူးပေါင်းအဖွဲ့က  လာရောက်အသိပေး ရှင်းလင်းဆွေးနွေးခြင်းဖြစ်ကြောင်း၊ ကျေးရွာနေပြည်သူများအနေဖြင့် မိမိတို့၏ ရပ်ရွာဖွံ့ဖြိုးတိုးတက်ရေး၊ နယ်မြေလုံခြုံရေး၊ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများကို သတ် မှတ်ဆေးထိုးအကြိမ်ရေပြည့်စွာ ထိုးနှံကြရန်နှင့် ကျောင်းသား/ကျောင်းသူများ  အေးချမ်းစွာ ပညာသင်ကြားနိုင်ရေး ဝိုင်းဝန်းပူး ပေါင်းဆောင်ရွက်ကြရန် ရှင်းလင်းဆွေးနွေးခဲ့သည်။

ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဝင် ဦးစန်း‌အောင်နှင့် ဌာနဆိုင်ရာများမှ ဌာနအလိုက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှုများအား ရှင်းလင်းဆွေးနွေးခဲ့ကြသည်။ ထို့နောက်ကျေးရွာနေပြည်များမှ သိလိုသည်များကိုမေးမြန်းခဲ့ကြရာ တာ၀န်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။

ဇာဇာ(အထက်မင်းလှ)