ကန်ကြီးထောင့်မြို့ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်း ဆောင်ရွက်

ကန်ကြီးထောင့်  ဩဂုတ် ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ယမန်နေ့ မွန်းလွဲ နာရီက စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (BOOK CLUB)မှ စာရေးဆရာ အောင်သင်းရေးသားသည့် "နှလုံးသားကို လေးပေါ်တင်၍ ပစ်သောအခါ" စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဇင်မာဦးက စာဖတ်ဝိုင်း ပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး Book Club ဥက္ကဋ္ဌ ဦးထွန်းမင်းရွှေက "ဆရာဇော်ဂျီကိုလွမ်းသည်" ဦးအောင်ကိုဝင်းမှ "နှလုံးသားကို လေးပေါ်တင်၍ ပစ်သောအခါ" မဖြိုးပပအောင်မှ "မိဘကိုယ်စား" ခေါင်းစဉ်များဖြင့် ဦးဆောင် ဆွေးနွေးခဲ့ကြသည်။

ထို့နောက် တက်ရောက်လာသော Book Club အသင်းဝင်များနှင့် စာပေဝါသနာရှင်များမှ "နှလုံးသားကို လေးပေါ်တင်၍ ပစ်သောအခါ" စာအုပ်ကို ဖတ်ရှုခြင်းမှ ရရှိလာသည့် မိမိတို့၏အမြင်နှင့် ရှုထောင့် အမျိုးမျိုးတို့ကို အပြန်အလှန် ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။

နန်းထိုက် (ပြန်/ဆက်)