လှိုင်းဘွဲမြို့နယ်တွင်(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ ဆောင်ရွက်

လှိုင်းဘွဲ    ဇန်နဝါရီ 

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကလေးစာဖတ်ခန်းတွင် (၇၅)နှစ် မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို ပုံပြင်ပြောပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

 ထိုသို့ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးမှူး ဒုတိယဦးစီးမှူး ဒေါ်ဇင်မိုးအေးက ကလေးငယ်များအနေဖြင့် ဉာဏ်ဉာဏ်သွေးဖွံ့ဖြိုးတိုးတက်လာစေရန်၊ လူအများရှေ့တွင် ပြောရဲဆိုရဲ အကျင့်ကောင်းများ ရရှိလာစေရန်၊ အသိပညာဗဟုသုတများ ရရှိလာစေရန်အတွက် ပြိုင်ပွဲဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး မူကြိုကလေးများအား (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို ကဗျာရွတ်ဆိုခြင်း၊ ပုံပြင်ပြောခြင်း၊ မှတ်ဉာဏ်စွမ်းရည် ကောင်းမွန်မှုရှိလာအောင် ယှဉ်ပြိုင်စေခြင်းနှင့် ဘောလုံးပစ် ပြိုင်ပွဲတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

စောဒိ