ဂန့်ဂေါမြို့ ကုတင်(၁၀၀)ဆံ့ပြည်သူ့ဆေးရုံကြီးတွင် စုပေါင်းသန့်ရှင်းရေးပြုလုပ်

ဂန့်ဂေါ ဇန်နဝါရီ  ၂၃

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့ ကုတင်(၁၀၀)ဆံ့ပြည်သူ့ဆေးရုံကြီးရှိ အတွင်း/အပြင် သန့်ရှင်းရေးလုပ်ငန်းများကို ခရိုင်/မြို့နယ်ဌာနဆိုင်ရာများစုပေါင်း၍ ယမန်နေ့ နံနက်(၈)နာရီ အချိန်က ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ သန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်ခြင်းကို ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ၊ တပ်မတော်သားများ၊ ခရိုင်/မြို့နယ် ရဲတပ်ဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြို့နယ်စည်ပင်သာယာရေး အဖွဲ့မှ ဝန်ထမ်းများပူးပေါင်း၍ ကုတင်(၁၀၀)ဆံ့ ပြည်သူ့ဆေးရုံဝန်း အတွင်း/အပြင်ရှိ ပေါင်းပင်/မြက်ပင်များ၊ အမှိုက်သရိုက်များအား စုပေါင်း၍ သန့်ရှင်းရေးများ ဆောင်ရွက်ခဲ့ကြခြင်း ဖြစ်သည်။      

ထိုသို့ သန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်ရာသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌ ဦးဇော်လွင်ဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

မောင်မျိုးမင်း