အောင်လံမြို့နယ်၌ မြို့နယ်တရားရုံးအဆောက်အဦ ပန္နက်တင်မင်္ဂလာ အခမ်းအနားကျင်းပ

အောင်လံ ဇန်နဝါရီ ၂၂

မကွေးတိုင်းဒေသကြီး သရက်ခရိုင်၊ အောင်လံမြို့နယ်၌ မြို့နယ်တရားရုံး အဆောက်အဦ ပန္နက်တင်မင်္ဂလာ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီခွဲအချိန်က စက်ရုံရပ်ကွက် မြို့နယ်တရားရုံး တည်ဆောက်မည့်မြေနေရာတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဦးစိန်ထွန်း၊ တိုင်းဒေသကြီး တရားရေးဦးစီးမှူး ဦးသောင်းထွေး၊ သရက်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်တို့က မြို့နယ်တရားရုံး (၉၀x၇၀)ပေ သံကူကွန်ကရစ်(၄) ထပ်ဆောက်လုပ်ခြင်းလုပ်ငန်း မင်္ဂလာပန္နက်တိုင်များရိုက်၍ အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့ကြောင်း သိရသည်။

မျိုးသိန်း