ဒေးဒရဲမြို့၌ အောက်ဆီဂျင်ထုတ်စက် ဝယ်ယူနိုင်ရေး လှူဒါန်းခဲ့သည့် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ပွဲအခမ်းအနား ကျင်းပ

ဒေးဒရဲ  ဇန်နဝါရီလ  ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင်အောက်ဆီဂျင် လိုအပ်သည့် သက်ကြီးရွယ်အိုများ၊ လူနာများနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရေးအတွက် အောက်ဆီဂျင်ထုတ်စက် ဝယ်ယူနိုင်ရေးအလှူငွေများ ထည့်ဝင် လှူဒါန်းခဲ့သည့် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ()နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌကိုယ်စား မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသက်နိုငဦးက အောက်ဆီဂျင်ထုတ်စက် ဝယ်ယူနိုင်ရေး လှူဒါန်းခဲ့သည့် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခြင်းအခမ်းအနား ကျင်းပပြုလုပ်ခြင်းနှင့် ပတ်သက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး အောက်ဆီဂျင်စက်ရုံ ဖြစ်မြောက်ရေးကော်မတီ နာယက ဦးတင်ဝင်းက အောက်ဆီဂျင်စက်ရုံ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှု အဆင့်ဆင့်အား ရှင်းလင်းတင်ပြခြင်းနှင့် မြို့နယ်အောက်ဆီဂျင်စက်ရုံ ထိန်းသိမ်းစောင့်ရှောက်ရေး ကော်မတီ ဥက္ကဌ ဦးတင်ဝင်း(ဇဝနသုခဆေးတိုက်)က လက်ရှိအောက်ဆီဂျင်စက်ရုံ လည်ပတ်နေမှုနှင့် ထုတ်လုပ်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး  ရဲမှူးသက်နိုင်ဦးနှင့် တာဝန်ရှိသူများက အောက်ဆီဂျင်ထုတ်စက် ဝယ်ယူနိုင်ရေး ပါဝင်လှူဒါန်းခဲ့ကြသော အလှူများအား ဂုဏ်ပြု မှတ်တမ်းလွှာများကို ပေးအပ်ခဲ့ကြောင်း သိရသည်။

ဒေးဒရဲမြို့နယ် အောက်ဆီဂျင်ထုတ်စက်ရုံအနေဖြင့် မြို့နယ်ပြည်သူ့ဆေးရုံနှင့် တိုက်နယ်ဆေးရုံများ၊ လူမှုရေးအသင်း၊ အဖွဲ့များသို့ အောက်ဆီဂျင်များ အခမဲ့လှူဒါန်းပေးလျက်ရှိကြောင်း သိရသည်။

အေဇာလင်း