ကလိန်အောင်မြို့၌ မဲဆန္ဒရှင်စာရင်းများ မှန်ကန်မှုရှိစေရေးအတွက် တစ်အိမ်တက်တစ်အိမ်ဆင်း ကွင်းဆင်းစစ်ဆေး

ကလိန်အောင် ဩဂုတ် ၂၆

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့တွင် (၂၀၂၀) ပြည့်နှစ် နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မှန်ကန်သောမဲဆန္ဒ ရှင်စာရင်းများပြုစုနိုင်ရေးနှင့် မဲဆန္ဒရှင်များကျန်ရှိမှုမရှိစေရေးအတွက် ယမန်နေ့နံနက် (၁၀) နာရီက ကလိန်အောင်မြို့အတွင်းရှိ ကျေးရွာများ၌ တစ်အိမ်တက်တစ်အိမ်ဆင်း ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါ မဲဆန္ဒရှင်စာရင်းများ တိုက်ဆိုင်စစ်ဆေးရာတွင် ရေဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးလှိုင်းမောင်မောင်၊ မြို့အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်နှင့် ကျေးရွာရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်များ ကျေးရွာအုပ်ချုပ်ရေးမှူးများပူးပေါင်း၍ ကျေးရွာအုပ်စုအတွင်းရှိ မဲရုံများဆောင်ရွက်ထားရှိမှုနှင့် မဲဆန္ဒရှင်စာရင်း၊ အချက်အလက်များမှန်ကန်မှုရှိစေရေးအတွက် ကျေးရွာအတွင်း တစ်အိမ်တက်တစ်အိမ်ဆင်း သွားရောက်ကာ မဲဆန္ဒရှင်ပြည်သူများနှင့် တိုက်ဆိုင်စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မိုးမိုးခိုင် (ပြန်ဆက်)