ဆင်ပေါင်ဝဲ ဩဂုတ် ၂၆
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့ပွားမှုမရှိစေရေး အတွက် မြို့နယ်စည်ပင်သာယာရေး အဖွဲ့အမှုဆောင်အရာရှိ ဦးစောသိန်းဦးနှင့်ဝန်ထမ်းများက မြို့မဈေးတွင် ဈေးရောင်းချသူများနှင့် ဈေးဝယ်သူများအား အပူချိန်တိုင်းတာခြင်း၊ နှာခေါင်းစည်း Mask များ တပ်ဆင်စေခြင်း လုပ်ငန်းများကို ယမန်နေ့နံနက် ၈ နာရီကဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့ပွားမှုမရှိစေရန် ထိန်းချုပ်ကာကွယ်ရေးအနေဖြင့် အသားငါးဈေးဆိုင်ခန်းများအား ပိုးသတ်ဆေးပက်ဖျန်းခြင်း၊ ဈေးရောင်းချသူများအား တစ်ဦးနှင့်တစ်ဦး ၆ ပေအကွာထားရှိခြင်း၊ နှာခေါင်းစည်း Maskများတပ်ဆင်စေခြင်း၊ ဈေးအဝင်ပေါက်များတွင် လက်ဆေးဘေစင်များ ထားရှိပေးခြင်း၊ အပူချိန်တိုင်းတာရန်နှင့် နှာခေါင်းစည်း Maskများတပ်ဆင်မှုစစ်ဆေးရန် ဝန်ထမ်းများအားတာဝန်ချထားခြင်း၊နှာခေါင်းစည်း Maskများမပါဘဲ ဈေးလာရောက်သူများအား ချက်ချင်းဝယ်ချက်ချင်းတပ်စနစ်ဖြင့် ဆောင်ရွက်ထားရှိကြောင်းမြို့နယ် အမှုဆောင်အရာရှိ ဦးစောသိန်းဦးထံမှ သိရသည်။
အိဖြူဖြူမောင်(ပြန်/ဆက်)