ရေဖြူ ဩဂုတ် ၂၆
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် မိုးစပါးစိုက်ပျိုးသော ရာသီအတွက် မျိုးစေ့ထုတ်တောင်သူများအား ကိုဗစ်-၁၉ရောဂါကာလ စီးပွားရေးကုစားမှုအစီအစဉ် (CERP)အရ ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နေ့လယ်၁နာရီက အ.လ.က ကျောက်ထောင့်၊ ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဦးစီးမှူး ဦးမျိုးခန့်က အမှာစကားပြောကြားပြီး မြို့ နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးအောင်ဝင်းက မိုးရာသီမိုးစပါးအတွက် မျိုးစေ့ထုတ်ယူသုံးစွဲရန် ထောက်ပံ့ပေးအပ်ကြောင်း ပြောကြားသည်။ ထို့နောက် တိုင်းဒေသကြီးဦးစီးမှူး ဦးမျိုးခန့်နှင့် တာဝန်ရှိသူများက တစ်ဧကအထွက်ကောင်းမျိုးစေ့ဖိုးနှင့် စိုက်ပျိုးစရိတ်ထုတ်လုပ်ခ (၈၃၅၀၀) ကျပ်နှုန်းဖြင့် ဧကပေါင်း ၁၂၀ အတွက် ကျပ် သိန်းတစ်ရာနှင့်နှစ်သောင်းကို ရေဖြူမြို့နယ် မိုးစပါးမျိုးစေ့ထုတ်လုပ်ငန်းအတွက် ဆောင်ရွက်သည့် ကျေးရွာ အုပ်စု (၈) အုပ်စုမှ တောင်သူများလက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ဖြူဖြူရှိန် (ပြန်/ဆက်)