ပြည် ဇန်နဝါရီ ၂၁
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ် မြောင်းဆုံအုပ်စု၊ ပိုရွာကျေးရွာ၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း VDP ဖြင့်ဆောင်ရွက်သည့် ကျေးရွာတွင်းလမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနား ကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါကျေးရွာလမ်းသစ် မုခ်ဦးဆိုင်းဘုတ်ရှေ့၌ ကျင်းပခဲ့သည်။
ဖွင့်ပွဲတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ပြည်ခရိုင်ဦးစီးမှူး ဦးဟန်မြင့်ထွန်း၊ မြို့နယ်ဦးစီးမှူး ဒေါ်ခိုင်ခင်မြဝင်း၊ ပြည်မြို့နယ်သမဝါယမ ဦးစီးဌာနမှူး ဦးသက်ပိုင်စိုးနှင့် မြောင်းဆုံအုပ်စုအုပ်ချုပ်ရေးမှူး ဦးကျော်နိုင်ဦးတို့က ကျေးရွာလမ်းသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး အရှည်ပေ ၁၀၀၀၊ ၁၀ ပေ အကျယ်နှင့် ၈ လက်မထုရှိ အဆိုပါကျေးရွာတွင်း ကွန်ကရစ်လမ်းသစ်အား ၂၀၂၁- ၂၀၂၂ ဘဏ္ဍာနှစ်၊ (၆)လဘတ်ဂျက်၏ နိုင်ငံတော်ထောက်ပံ့ရန်ပုံငွေကျပ် သိန်း ၁၀၀ နှင့် ကျေးရွာပြည်သူများ ထည့်ဝင်ငွေတို့ဖြင့် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ဒုတိယပတ်က စတင် ဆောင်ရွက်ခဲ့ပြီး ယခုနှစ်၊ ဇန်နဝါရီ ပထမပတ်တွင် ရာနှုန်းပြည့်ဆောင်ရွက် ပြီးစီးခဲ့ကြောင်းနှင့် အဆိုပါလမ်းကို ကျေးရွာပြည်သူများအတွက် လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန်စေရေးနှင့် ကျေးရွာပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်စေရေးတို့အတွက် ရည်ရွယ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
ကိုဆက်(ပြန်/ဆက်)