သရက်မြို့၌ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာငွေများ ပုံမှန်ထုတ်ပေးလျက်ရှိ

သရက် ဇန်နဝါရီ  ၂၁

မကွေးတိုင်းဒေသကြီး သရက်မြို့ရှိ မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်စားဝန်ထမ်းများအား  ယနေ့နံနက်ပိုင်းတွင် အငြိမ်းစားပင်စင်လစာငွေများကို ကိုဗစ်-၁၉ ကာကွယ်ရေး စည်းကမ်းများနှင့်အညီ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ပင်စင်လစာငွေများ ထုတ်ပေးရာ၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးအတွက် ကျန်းမာရေး ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ နှာခေါင်းစည်း(Mask)များကို စနစ်တကျ တပ်ဆင်စေခြင်းနှင့် ပင်စင်လစာငွေများ ထုတ်ပေးရာတွင်လည်း  အလှည့်ကျ စနစ်ဖြင့် ထုတ်ပေးလျက်ရှိသည်။

သရက်မြို့နယ်တွင် ပင်စင်စားဝန်ထမ်း (၁၇၁၇) ဦးရှိပြီး  ဇန်နဝါရီ ၂၀ ရက်နေ့မှ စတင်၍ နေ့စဉ်ပင်စင်လစာငွေများ ထုတ်ပေးလျက်ရှိပြီး သတ်မှတ်ရက်များတွင် လာရောက် ထုတ်ယူခြင်းမရှိသော ပင်စင်စားဝန်ထမ်းများအား ဖေဖော်ဝါရီလဆန်းပိုင်း ဘဏ်ဖွင့်ချိန် များတွင် ထုတ်ပေးသွားမည်ဖြစ်ကြောင်း မြန်မာ့စီးပွားရေးဘဏ်မှ သိရသည်။

ဇော်ဝမ်းထွန်း(အောင်လံ)