ဂန့်ဂေါ၌(၈၃)နှစ်မြောက် ရတနတ္တယပူဇာဝိဇာတ မွေးနေ့ပူဇာသဘင်ကျင်းပ

ဂန့်ဂေါ ဇန် ၂၁

နိုင်ငံတော်ဗဟိုသံဃဝန်ဆောင် အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ ဂန့်ဂေါမြို့ ဘုရားကြီးမြောက် ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တဝေပုလ္လ၏ သက်တော်(၈၃)နှစ်ပြည့် ရတနတ္တပူဇာဝိဇာတ မွေးနေ့မင်္ဂလာကို ယမန်နေ့ နံနက်(၈)နာရီက ဘုရားကြီးမြောက် ကျောင်း၌ ကျင်းပပြုလုပ်သည်။

အဆိုပါအခမ်းအနားသို့ ပင့်သံဃာ(၄၅)ပါးတို့ ကြွရောက်တော်မူကြ၍ ဂန့်ဂေါခရိုင် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဇော်လွင်ဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဒါယကာ/ဒါယိကာမများ တက်ရောက်ကြသည်။

ရှေးဦးစွာ နမောတဿဘုရားရှိခိုးဖြင့် အခမ်းအနားကို ဖွင့်လှစ်ပြီး ဘုရားကြီးမြောက် ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တဝေပုလ္လထံမှ ငါးပါးသီလကို ခံယူဆောက်တည်ကြ၍ ဆရာတော်သံဃာတော်များ ရွတ်ဖတ်ပူဇော်သော ပရိတ်တရားတော်နာကြားခြင်း၊ မွေးနေ့ရှင် ဆရာတော်ကြီးအား ပူဇော်ကန်တော့ခြင်းနှင့် ဆရာတော်ကြီး၏ သာရဏိတဩဝါဒကထာကို နာယူကြသည်။

ထို့နောက် ဆရာတော်သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး ရေစက်သွန်းချ အမျှပေးဝေကြ၍ ဗုဒ္ဓသာသနံစိရံတိဌတုဂါထာတော်ဖြင့် အခမ်းအနားကို ရုပ်သိမ်းကြကာ သံဃာတော် အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြကြောင်း သိရသည်။

မောင်မျိုးမင်း(ယော)