မင်းလှမြို့၌ ကိုဗစ်-၁၉မျိုးကွဲသစ် အိုမီခရွန်ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော် ဆောင်ရွက်

အထက်မင်းလှ ဇန်နဝါရီ ၂၁

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါမျိုးကွဲသစ် အိုမီခရွန်ကြိုတင် ကာကွယ်ရေး အသိပညာပေး နှိုးဆော်ဆောင်ရွက်ခြင်းကို ယမန်နေ့ ညနေ ၄ နာရီခွဲက အမှတ်(၇)ရပ်ကွက်တွင် ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံ‌‌ရေး ဦးစီးဌာနနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ အသိပေးနှိုးဆော် ခဲ့သည်။

အဆိုပါအသိပညာပေး‌နှိုးဆော်ခြင်းများ ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ရောဂါဗီဇပြောင်း မျိုးကွဲသစ် အိုမီခရွန်သည် ရက်ပိုင်းအတွင်း နိုင်ငံအများအပြားတွင် ကူးစက်ပျံ့နှံ့မှု ပိုမိုများပြားလာ ပြီဖြစ်သောကြောင့် အိုမီခရွန်မျိုးကွဲသစ်ကို ကာကွယ်တားဆီးနိုင်ရေးအတွက် မိဘပြည်သူများ အနေဖြင့် ကိုဗစ်-၁၉ရောဂါကူးစက်မှု မခံရစေရေး ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့်  ကိုဗစ်-၁၉ရောဂါကြိုတင် ကာကွယ်ရေး လမ်းညွှန်ချက်များအား တိကျစွာလိုက်နာ ဆောင်ရွက်ကြရန်၊ နေအိမ်ပြင်ပထွက်လျှင် နှာခေါင်းစည်း(Mask)ကို စနစ်တကျ တပ်ဆင်သွားလာကြရန်၊ လက်ကိုစနစ်တကျ မကြာခဏဆေးကြောရန်၊ လူစုလူဝေး ရှောင်ကြဉ်ရန် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှု(၂)ကြိမ်ပြည့်အောင် ထိုးနှံခြင်းတို့ကို ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန် အိုမီခရွန်အပါအဝင် မျိုးရိုးဗီဇပြောင်း ရောဂါပိုးများကို သတိပြုကာ မိမိကစ၍ ကာကွယ်ကြပါရန်တို့ကို အသိပေးနှိုးဆော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဇာဇာ(အထက်မင်းလှ)