သာယာဝတီမြို့တွင် ကွန်ကရစ်ပစ္စည်းများ တစ်ပိုင်တစ်နိုင် ပြုလုပ်ရောင်းချခြင်းဖြင့် မိသားစု စားဝတ်နေရေး အဆင်ပြေ

သာယာဝတီ ဇန်နဝါရီ  ၂၁

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ်၊ ကြောင်ညှာကုန်းကျေးရွာတွင် ကွန်ကရစ် ပစ္စည်းများ တစ်ပိုင်တစ်နိုင် ပြုလုပ် ရောင်းချခြင်းဖြင့် မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ကွန်ကရစ်ပစ္စည်း ပြုလုပ်ရောင်းချသည့် ပစ္စည်းများမှာ ခြံစည်းရိုးကွန်ကရစ်တိုင်၊ ကျောက်ခွေ၊ ရေပြွန်၊ ဝက်စားကျင်းခွက်၊ ကျောက်စည်ပိုင်း၊ အုတ်ဖိနပ်တိုင် စသည့်ပစ္စည်းများအား နေအိမ်ခြံဝန်းအတွင်းတွင် ပြုလုပ်ရောင်းချလျက် ရှိသည်။

ကွန်ကရစ်ပစ္စည်းရောင်းချနေသူက ကျွန်တော်တို့အနေနဲ့ ကွန်ကရစ်ပစ္စည်းတွေကို အဓိကရောင်းအား ကောင်းတာကတော့ ခြံစည်းရိုးကွန်ကရစ် ကျောက်တိုင်၊ နွားစားကျင်းခွက်၊ ကျောက်စည်ပိုင်း၊ အုတ်ဖိနပ်တိုင် တို့ပဲ ဖြစ်ပါတယ်၊ တစ်ခါတရံ ကျေးရွာလမ်းများ ပြုလုပ်ရာတွင် အသုံးပြုသည့် ရေပြွန်များလည်း ရောင်းရပါတယ်၊ ကွန်ကရက်ပစ္စည်းများပြုလုပ်ရာတွင် အသုံးပြုသည့် ကုန်ကြမ်း ပစ္စည်းများဖြစ်တဲ့ ဘိလပ်မြေ၊ ကျောက်စရစ်၊ သဲ၊ သံချောင်းတတွေကို မြို့ပေါ်မှ ဝယ်ရတာ ဖြစ်တာကြောင့် စျေးများကလည်း သိသိသာသာ စျေးတက်ပါတယ်၊ ကုန်ကြမ်းပစ္စည်တွေ စျေးတက်သောကြောင့် ဝယ်လိုအားပေါ် မူတည်ပြီး အနည်းငယ်ပြောင်းလဲ စျေးတက်ခဲ့ပါတယ်၊ ကျွန်တော်တို့ရဲ့ ဆိုင်ကတော့ ကျောက်ခွေ အကျယ် သုံးပေ၊ တစ်ပေခွဲအနက်ကို (၇၅၀၀) ကျပ်၊ ရေပြွန်အမြင့် ၅ပေ အကျယ် ၁၈ လက်မ တစ်ခုကို (၄၅၀၀၀) ကျပ်၊ ခြံစည်းရိုး ကျောက်တိုင် အမြင့် ၇ ပေ ထု ၄ လက်မ တစ်တိုင်ကို (၆၀၀၀) ကျပ်၊ ကျောက်စည်ပိုင်း အမြင့်/အကျယ်  ၂ ပေခွဲ ပတ်လည်ကို (၂၅၀၀၀) ကျပ်ရောင်းပါတယ် ဟု ကွန်ကရစ်ပစ္စည်း ပြုလုပ်ရောင်းချသူထံမှ သိရသည်။

သန့်ဇော်