ဖျာပုံမြို့နယ် ခါးဖြတ်ကျေးရွာတွင် ဆောက်လုပ်နေသည့် Cyclone Shelter တည်ဆောက်နေမှုအား တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

ဖျာပုံ  သြဂုတ် ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်၊ ဒေါ်ညိမ်းကျေးရွာအုပ်စု ခါးဖြတ်ကျေးရွာတွင် ဆောက်လုပ်နေသည့် Cyclone Shelter  ဆောက်လုပ်ပြီးစီးမှု အခြေအနေကို ယမန်နေ့ နေလယ် ၁၀ နာရီတွင် Shelter ဆောက်လုပ်ရေးလုပ်ငန်း စစ်ဆေးရေး ကော်မတီမှ တာဝန်ရှိသူများက ကွင်းဆင်း စစ်ဆေးခဲ့သည်။

ခါးဖြတ်ကျေးရွာတွင် ဆောက်လုပ်နေသည့် Cyclone Shelter ကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် အမျိုးသား     သဘာဝဘေး ကော်မတီရန်ပုံငွေ ကျပ်သိန်း ၂၆၅၀ ဖြင့် Myanmar Land Developement Co,Ltd မှ တင်ဒါစနစ်ဖြင့် တာဝန်ယူ တည်ဆောက်နေ သည့် အဆောက်အဦးဖြစ်သည်။

Cyclone Shelter မှာ ယခုအခါ(၇၅)ရာခိုင်နှုန်း ပြီးစီနေပြီ အဆောက်ဦးပြီးစီးပါက ကျေးလက်နေ ပြည်သူ (၅၀၀)ဦးခန့် သဘာဝဘေးအန္တရာယ် ကြုံတွေ့ပါက ယာယီနားခိုနိုင်ကြောင်း ခရိုင်ဦးစီးမှူး ဦးမော်နိုင်ထွန်းထံမှ သိရသည်။

လှလှနွယ် (ခရိုင်ပြန်/ဆက်)