ကော့ကရိတ်မြို့ မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများကို စတင်ထုတ်ပေးရာ လာရောက်ထုတ်ယူသူများပြားလျက်ရှိ

ကော့ကရိတ်  ဇန်နဝါရီ  ၂၁

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ်မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစား ဝန်ထမ်းများ၏ ပင်စင်လစာများကို ကျန်းမာ ရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ  ယနေ့ နံနက်  ၇ နာရီအချိန်မှ စတင်ထုတ်ပေးလျက်ရှိရာ ပင်စင်လစာ လာရောက်ထုတ်ယူသူ များပြား လျက်ရှိကြောင်း သိရသည်။

ကော့ကရိတ်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်အနေဖြင့် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများကို ဇန်နဝါရီ ၂၁ ရက်နေ့မှ စ၍ လကုန်ရက်နေ့အထိ နိုင်ငံတော်အစိုးရက သတ်မှတ်ထားသော ရုံးပိတ်ရက်မှအပ  ရုံးဖွင့်ရက်များတွင်   ထုတ်ပေးသွားမည်ဖြစ်ရာ ယနေ့တွင် လာရောက်ထုတ်ယူသူများပြားလျက်ရှိပြီး၊ ကော့ကရိတ်မြို့နယ်အတွင်း အငြိမ်းစားဝန်ထမ်း ပင်စင်လစာထုတ်ယူမည့်သူ စုစုပေါင်း (၁၉၈၆)ဦးရှိကြောင်း မြို့နယ်မြန်မာ့စီးပွားရေးဘဏ် တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ခရိုင်(ပြန်/ဆက်)