ကလိန်အောင်မြို့တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန်‌ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးဆွေး‌နွေးပွဲ (Talk Show) အစီအစဉ်ဆောင်ရွက်

ကလိန်အောင်  ဇန်နဝါရီ   ၂၁

ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့အတွင်းရှိပြည်သူများ ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့် ကိုဗစ်-၁၉ ဗီဇပြောင်း မျိုးကွဲ Omicron (အိုမီခရွန်) ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာ ကာကွယ်နိုင်ရန်နှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်‌ စေရန် ရည်ရွယ်၍ အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲ (Talk Show)အစီအစဉ်ကိုယနေ့ နံနက် ၁၀ နာရီအချိန်က ကလိန်အောင်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် ဆောင်ရွက်ခဲ့‌သည်။

အဆိုပါဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး   ဒေါ်မိုးမိုးခိုင်က ကိုဗစ်-၁၉ရောဂါ နှင့်ပတ်သက်၍  ဗီဇပြောင်းမျိုးကွဲသစ်ဖြစ်သည့်  အိုမီခရွန် (omicron)ရောဂါ ကြိုတင်ကာကွယ်ရေးဆိုင်ရာ အချက်အလက်များ၊ အိုမီခရွန် (omicron) ၏ ထူးခြားချက်များဖြစ်သည့် ရောဂါကူးစက်မြန်ခြင်း၊ ကိုဗစ်ရောဂါကူးစက်ခံရသူများကို ပြန်လည်ကူးစက်နိုင်ခြင်း၊ အိုမီခရွန် (omicron)သည် ကလေးများနှင့် အသက် ၃၀ အောက် လူငယ်များကို ပိုမိုကူးစက်နိုင်ခြင်း၊ ရောဂါလက္ခဏာ မပြင်းထန်ခြင်း စသည့်အကြောင်း အရာများ၊ ကိုဗစ်-၁၉ရောဂါ ဗီဇပြောင်း မျိုးကွဲဆိုင်ရာ အမေးအဖြေများ စသည့်အကြောင်း အရာများကို‌ဆွေးနွေးပြီး ရုပ်သံကျွမ်းကျင်-၃ ဒေါ်ခင်ခင်လဲ့က အိုမီခရွန်ဗိုင်းရပ်စ်အသစ်နှင့် ပတ်သက်၍ မိမိကိုယ်ကို ကာကွယ်ရမည့် အချက်များကို သိရသည်။

မိုးမိုးခိုင်