အုတ်ဖို ဩဂုတ် ၂၆
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစားအိမ်ထောင်စုများ အတွက် ထောက်ပံ့ငွေများ ပေးအပ်လျက်ရှိကြောင်း သိရသည်။
နိုင်ငံတော်အစိုးရမှ ကိုဗစ်-၁၉ ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစားများ အတွက် ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်နီနှင့် ပဲ စသည့် အခြေခံစားသောက်ကုန် (၅)မျိုးကို အုတ်ဖိုမြို့နယ်တွင် ရပ်ကွက်ကျေးရွာအုပ်စု(၆၃)အုပ်စုမှ အိမ်ထောင်စုပေါင်း (၁၂၀၆၀)စု၊ ဒုတိယအကြိမ်တွင် နောက်တိုးအခြေခံအိမ်ထောင်စု(၇၇၇၈)စုအတွက် အိမ်ထောင်စု တစ်စုလျှင် ငွေကျပ် (၁၅၀၀၀/-) နှုန်းဖြင့် ထောက်ပံပေးနိုင်ခဲ့ပြီး တတိယ အကြိမ်တွင် ရပ်ကွက်/ ကျေးရွာ အုပ်စု(၆၃) အုပ်စု မှ အခြေခံအိမ်ထောင်စု(၁၉၈၃၈)စုအတွက် အိမ်ထောင်စု တစ်စုလျှင် ငွေကျပ် (၂၀၀၀၀)ကျပ် နှုန်းဖြင့် ထောက်ပံ့ပေး နိုင်ခဲ့သည်။
ယခုအခါ ရပ်ကွက် ကျေးရွာအုပ်စု(၆၃)အုပ်စုမှ အခြေခံအိမ်ထောင်စု(၁၉၈၃၈)စုအတွက် အိမ်ထောင်စု တစ်စုလျှင် ငွေကျပ် (၂၀၀၀၀) ကျပ် နှုန်းဖြင့် ဒုတိယမြိုနယ်အုပ်ချုပ်ရေးမှူးဦးအောင်ဇော်လင်းနှင့် ဌာနဆိုင်ရာများမှ ကြီးကြပ်ကာ ပြည်သူများ လက်ဝယ် အရောက် ထောက်ပံ့ပေးအပ်လျက်ရှိကြောင်းသိရသည်။
အောင်သူ(အုတ်ဖို)