မကွေးတိုင်းဒေသကြီး မြို့သစ်မြို့တွင် ကိုဗစ်-၁၉ကာလ နှာခေါင်းစည်းများ စျေးနှုန်းမြှင့်တင်ရောင်းချခြင်းမရှိစေရေးကွင်းဆင်းစစ်ဆေး

မြို့သစ်  သြဂုတ်  ၂၆

မကွေးခရိုင်  ၊   မြို့သစ်မြို့နယ်  စည်ပင်သာယာစျေးအတွင်းနှင့် စျေးအပြင်ဆေးဆိုင်ခန်းများ တွင် နှာခေါင်းစည်းများ စျေးနှုန်းမြှင့်တင်ရောင်းချခြင်းမရှိစေရန်အတွက် တာဝန်ရှိသူများ  စုပေါင်း၍ ယနေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့သည်။

ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးဆယ်မောင်နှင့် အတူ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊   စည်ပင်သာယာရေးဦးစီးဌာန၊ ကျန်းမာရေး ဌာနတို့ ပူးပေါင်း၍ ကိုဗစ်-၁၉ ကာလအတွင်း   ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နေ ချိန်၌ စားသောက်ကုန်နှင့်နှာခေါင်းစည်းများ စျေးနှုန်းမြှင့်တင်ရောင်းချခြင်း ၊ သိုလှောင်ခြင်း ၊ စျေးက စားခြင်းများ မပြုလုပ်စေရန် ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။

ထိုသို့စစ်ဆေးခြင်းများပြုလုပ်ခဲ့ရာ မြို့သစ်မြို့ပေါ်ရှိ ဆေးအရောင်းဆိုင်များမှ ကိုဗစ်-၁၉ရော ဂါ ထိန်းချုပ်ကာကွယ်ရေးလုပ်ငန်းအတွက်    ပြည်သူများ ငွေကြေးကုန်ကျစရိတ်သက်သာစေရန် နှာခေါင်းစည်းများကို   စျေးနှုန်းမြှင့်တင်ရောင်းချခြင်းမရှိဘဲ သက်သာသောစျေးနှုန်းဖြင့် ဖြန့်ဖြူး ရောင်း ချလျှက်ရှိကြောင်းသိရသည်။

သန်းဝင်းထွန်း ( ပြန် / ဆက် )