သံတောင်ကြီး ဇန်နဝါရီ ၂၀
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်အကြောင်းအရာများကို ပြည်သူများသိရှိစေရန်အတွက် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့တွင် ယနေ့နံနက်(၉) နာရီအချိန်က ပြသပေးခဲ့ ကြောင်း သိရသည်။
အဆိုပါ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်တွင်အလုပ်လုပ်ကိုင်နေသော ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေများ၊ ကလေးသူငယ်များ၏အကျိုးစီးပွား ဆောင်ရွက်ချက်များ၊ ကလေးသူငယ်များ၏ အခွင့်အရေးကိုဥပဒေနှင့် အညီကာကွယ်စောင့်ရှောက် ရေး၊ ကလေးအလုပ်သမား ပပျောက်ရေးအတွက် ဆောင်ရွက်နေမှုများအား ပြသဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)