ငွေဆောင် ဇန်နဝါရီ ၂၀
ဧရာ၀တီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့တွင် ပန်းခင်းစီမံချက်ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ “လူမှုဘဝ ပြည့်စုံဖို့နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ ယမန်နေ့နံနက် (၉)နာရီက မဒေါ့ကုန်းကျေးရွာအုပ်စုတွင်းရှိ ပြည်သူများအတွက် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးနိုင်ရေး ကျေးရွာများ အရောက်ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရ သည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် ငွေဆောင်မြို့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမြို့ရုံး ဦးစီးမှူး ဦးဇင်မင်းအောင်မှ မဒေါ့ကုန်း ကျေးရွာအုပ်စုရှိ နိုင်ငံသားစီစစ်ရေးကတ်ပြား ပြုလုပ်လိုသူပြည်သူ (၁၄၃)ဦးအား အထောက်အထားများစီစစ်ပြီး အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ဆောင်ရွက်ပေးခဲ့သည်။ ဆက်လက်၍ ကျန်ရှိနေသည့် ရပ်ကွက်နှင့်ကျေးရွာအုပ်စုများအား ကွင်းဆင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မူမူ(ငွေဆောင်)