နတ်မောက်မြို့တွင် ကွန်ကရစ်ပစ္စည်းများ တပိုင်တနိုင် ပြုလုပ်ရောင်းချခြင်းဖြင့် မိသားစု စားဝတ်နေရေး အဆင်ပြေ

နတ်မောက်    ဇန်နဝါရီ  ၂၀

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့၊ စျေးရပ်ကွက်တွင် ကွန်ကရစ် ပစ္စည်းများ တပိုင်တနိုင် ပြုလုပ် ရောင်းချခြင်းဖြင့် မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ထိုသို့ကွန်ကရစ်ပစ္စည်း ပြုလုပ်ရောင်းချသည့်ပစ္စည်းများမှာ ခြံစည်းရိုးကွန်ကရစ်တိုင်၊ မိလ္လာသုံးကျောက်ခွေ၊ ရေပြွန်၊ ဝက်စားကျင်းခွက်၊ ရေထည့်ကျောက်စီ၊ အုတ်ဖိနပ်တိုင်၊ နွားစာကျင်းခွက်၊ ပန်းအိုး၊ ကျောက်ပန်း စသည့်ပစ္စည်းများအား နေအိမ်တွင် ပြုလုပ်ရောင်းချလျက်ရှိသည်။

ကျွန်တော်တို့အနေနဲ့ ကွန်ကရစ်ပစ္စည်း အဓိကရောင်းအားကောင်းတာကတော့ ကွန်ကရစ် ကျောက်တိုင်၊ နွားစားကျင်းခွက်၊ ရေထည့်ကျောက်စီများဖြစ်ပါတယ်၊ တစ်ခါတရံ ကျေးလက်လမ်းများ ပြုလုပ်ရာတွင် အသုံးပြုသည့် ရေပြွန်များလည်းဖြစ်ပါတယ်၊ ကုန်ကြမ်းပစ္စည်းများဖြစ်တဲ့ ဘိလပ်မြေ၊ ကျောက်စရစ်၊ သဲ သံချောင်းဖြစ်တာကြောင့် စျေးများကလည်း သိသိသာသာ စျေးတက်ပါတယ်၊ ကုန်းကြမ်းပစ္စည်တွေ စျေးတက်သောကြောင့် ဝယ်လိုအားပေါ် မူတည်ပြီး အနည်းငယ်ပြောင်းလဲ စျေးတက်ခဲ့ပါတယ်၊ ကျွန်တော်တို့ဆိုင်ကတော့ မိလ္လာသုံးကျောက်ခွေ အကျယ် သုံးပေကို (၆၅၀၀) ကျပ်၊ ရေပြွန်အမြင့် ၅ပေ အကျယ် ၁၈ လက်မ တစ်ခုကို (၃၅၀၀၀) ကျပ်၊ ဝက်စားကျင်းခွက် အကြီးတစ်ခုကို (၅၀၀၀) ကျပ်၊ ခြံစည်းရိုး ကျောက်တိုင် အမြင့် ပေ ထု လက်မ တစ်တိုင်ကို (၄၀၀၀) ကျပ်၊ ရေထည့် ကျောက်စီ အမြင့်/အကျယ်  ပေခွဲ ပတ်လည်ကို (၁၅၀၀၀) ကျပ်ရှိ ပါတယ်ဟု ကွန်ကရစ်ပစ္စည်း ပြုလုပ်ရောင်းချသူ ဦးခင်မောင်ရွှေ ထံမှသိရသည်။

လှဝင်း