ရွှေတောင် ဇန်နဝါရီ ၂၀
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့တွင် ပြည်သူများ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ကူးစက်ပြန့်ပွားမှုမရှိစေရေး အသိပညာပေး နှိုးဆော်ခြင်းကို ယနေ့ နံနက်ပိုင်းက သရက်တော ရပ်ကွက် ယွန်းတန်းရပ်ကွက်နှင့် စက်ရုံနယ်မြေ ရပ်ကွက်တို့တွင် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူးနှင့် ဝန်ထမ်းများက လက်ကိုင်အသံချဲ့စက်ဖြင့် အသိပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့သည်။
ထိုသို့ အသိပညာပေး နှိုးဆော်ရာတွင် ဒေသခံပြည်သူများ ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သတ်၍ ဗီဇပြောင်းမျိုးကွဲသစ်ဖြစ်သည့် အိုမီခရွန် (omicron) သည် ယခင်မျိုးကွဲဗိုင်းရပ်စ်များထက် အလွန်ပြင်းထန်ပြီး မျိုးရိုးဗီဇပြောင်းလဲမှု အများဆုံးနှင့် စိုးရိမ်ရသည့် မျိုးကွဲသစ် (omicron) အား ကမ္ဘာ့နိုင်ငံများသို့ ကူးစက်ပြန့်နှံ့လျက်ရှိကြောင်း သိရသည်။
မိဘပြည်သူများအနေဖြင့် အတတ်နိုင်ဆုံး မိမိတို့၏ နေအိမ်များတွင်သာ နေထိုင်ခြင်းဖြင့် လူစု လူဝေးကို တတ်နိုင်သမျှ ရှောင်ကြရန်၊ မဖြစ်မနေ နေအိမ်ပြင်ပသို့ ထွက်ခွာပါက (Mask) နှာခေါင်းစည်း စနစ်တကျ တပ်ဆင်ရန်၊ အရာဝတ္တုတစ်ခုခု ကိုင်တွယ်ပြီးတိုင်း လက်ကို စက္ကန့် (၂၀)ကြာ စနစ်တကျ ဆေးကြောကြရန်၊ တစ်ဦးနှင့် တစ်ဦး ခပ်ခွာခွာနေထိုင်သွား လာကြရန်၊ ရောဂါပိုးကူးစက်ခံရသည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနများသို့ ဆက်သွယ်၍ ဆေးကုသမှုခံယူကြရန်၊ ကိုဗစ်-၁၉ ရောဂါ ကင်းဝေးစေရေး ဆေးထိုးအုပ်စုများသို့ သွားရောက် ပြီးမဖြစ်မနေ ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံကြရန်၊ ရောဂါကူးစက်ပြန့်ပွားမှု လျော့နည်း ပပျောက်စေရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကာကွယ်ထိန်းချုပ် ရေးဆိုင်ရာ အသိပညာပေး လမ်းညွှန်ချက်များကို ပြည်သူများအားလုံးက ကိုယ်စီလိုက်နာ ကြရန် ရပ်ကွက်များအတွင်းသို့ လှည့်လည်ကာ အသိပေးနှိုးဆော်ဆောင်ရွက်ခဲ့ကြောင်း သိရ သည်။
ကိုကိုမင်း (ပြန်/ဆက်)