တောင်တွင်းကြီး ဇန်နဝါရီ ၂၀
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန Community Centre ခန်းမ၌ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး Talk Show ကို ယမန်နေ့က ကျင်းပခဲ့သည်။
အဆိုပါဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်အေးမိုးမိုးမြင့်နှင့် ရုပ်သံကျွမ်းကျင်-၃ ဒေါ်မိုင်စန်းသီတာဌေးတို့က မူးယစ်ဆေးဝါးဆိုတာ ဘာလဲ၊ မူးယစ်ဆေးဝါး ပေါ်ပေါက်လာပုံများ အကြောင်း၊ မူးယစ်ဆေးဝါး၏ ဆိုးကျိုးများ အကြောင်း၊ မူးယစ်ဆေးဝါးပပျောက်ရေး ခေတ်အဆက်ဆက် တားဆီးနှိမ်နင်းခဲ့ပုံများ အကြောင်း၊ မူးယစ်ဆေးဝါးကြောင့် စိတ်ပိုင်းဆိုင်ရာ၊ ခန္ဓာပိုင်းဆိုင်ရာ၊ လူမှုရေးဆိုင်ရာ ထိခိုက်မှုများအကြောင်းကို ဆွေးနွေးခဲ့ကြသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ တောင်တွင်းကြီးမြို့နယ်ရုံးအနေဖြင့် ပြည်သူများ အသိပညာ ဗဟုသုတများ ရရှိစေရန်တွက် Online မှတစ်ဆင့် အသိပညာပေး Talk Show အစီအစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)