အမာ ဇန်နဝါရီ ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့တွင် ကိုဗစ်-၁၉ရောဂါကူးစက်ပြန့်ပွားမှုလျော့ကျစေရန်၊ ကိုဗစ်-၁၉ မျိုးဗီဇပြောင်းအိုမီခရွန် (Omicron) ရောဂါပိုး ကြိုတင်ကာကွယ်ရေး ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေးအတွက် အမာမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက် ဆံရေးဦးစီးဌာနမှ ယနေ့နံနက် ၉ နာရီခွဲက မြို့ပေါ်ရပ်ကွက်များနှင့်အနီးရှိ ကျေးရွာများအတွင်း လှည့်လည်ကြေညာခဲ့ကြသည်။
ထို့သို့ ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် (Omicron) ရောဂါပိုးသည် နိုင်ငံအများအပြားတွင် ကူးစက်ပြန့်နှံ့မှု များပြားလာ နေပြီဖြစ်ပြီး၊ မြန်မာနိုင်ငံတွင်လည်း ရောဂါပိုးတွေ့ရှိသူများ ရှိနေပြီဖြစ်သဖြင့် ပြည်သူများအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန် ထားသည့်နည်းလမ်းများနှင့်အညီ နေထိုင်ကြရန်၊ မိမိတွင် ရောဂါပိုးကူးစက်ခံရသည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနများသို့ ဆက်သွယ်၍ မပျက်မကွက် စစ်ဆေးကုသမှု ခံယူကြပါရန်နှင့် ပြည်သူများ ကိုဗစ်-၁၉ရောဂါကို ထိထိရောက်ရောက် ကာကွယ်နိုင်ရန် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကိုလည်း အကြိမ်ရေပြည့်စွာ မပျက်မကွက် ထိုးနှံကြပါရန် Hand Speaker များဖြင့် လိုက်လံနှိုးဆော် ကြေညာခဲ့ကြ ကြောင်းသိရသည်။
အမာ(ပြန်/ဆက်)