ပြင်စလူ ဇန်နဝါရီလ ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြင်စလူမြို့တွင် ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် Mobile library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့နံနက် (၁၀) နာရီ အချိန်က ပြင်စလူမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူးနှင့် ဝန်ထမ်းများ ကပြင်စလူမြို့၊ အမှတ်(၃)ရပ်ကွက်၊ အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့ အသိပညာပေးဆောင်ရွက်ရာတွင် ပြင်စလူမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးမှူး ဦးဇော်ဝင်းထွန်းက ကိုဗစ်-၁၉ မျိုးဗီဇပြောင်း အိုမီခရွန်အကြောင်း သိကောင်းစရာများနှင့် လိုက်နာဆောင်ရွက်ရမည့် အကြောင်းအရာများ၊ လူကုန်ကူးမှုဆိုင်ရာ တားဆီး ကာကွယ်ရေး အသိပညာပေးခြင်းများဖြစ်သည့် လူကုန်ကူးခြင်းဆိုသည်မှာ၊ ခေါင်းပုံဖြတ်ပုံများ၊ မြန်မာနိုင်ငံ၌ ဖြစ်ပွားလျက်ရှိသော လူကုန်ကူး မှုအမျိုးအစားများ၊ လူကုန်ကူးသူများအသုံးပြုသည့် နည်းလမ်းများ၊ သတိပြုရမည့်အချက်များ၊ သတိပြုရမည့်သူများ အစရှိသည့် လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာပေးလုပ်ငန်းများကို တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေးဆွေးနွေးသည်။
ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူများက ပြသထားရှိသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ် ဆောင်ရွက်နေမှု နှင့်လူကုန်ကူးမှု ကာကွယ်တားဆီးရေး နံရံကပ်စာစောင်များအား ကြည့်ရှုလေ့လာခြင်းနှင့် စာအုပ်စာစောင်များ လေ့လာငှားရမ်းဖတ်ရှု ခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဇော်ဝင်းထွန်း(ပြန်/ဆက်)